ရန်ကုန်တိုင်းဒေသကြီးတွင် လူမှုဖူလုံရေး-OSC အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့သည် ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် OSC အထွေထွေရောဂါကုဆေးရုံနှင့် ပူးပေါင်း၍ လူမှုဖူလုံရေး-OSC အထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် OSC အထွေထွေရောဂါကုဆေးရုံ၌ ကျင်းပသည်။