ဟိုပင်၌ (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ နယ်မြေရဲစခန်း၌ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးမှ ပေးပို့သော သဝဏ်လွှာအား ဟိုပင်နယ်မြေရဲစခန်းမှူး ဒုတိယရဲမှူး ဗျက်ဆန်းက ဖတ်ကြားခဲ့သည်။








