ပင်လည်ဘူးမြို့နယ် မြသန္တာကျေးရွာ၌ ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် မြသန္တာကျေးရွာ၌ အမျိုးသား လျှပ်စစ်ဓာတ်အား မီးရရှိရေး စီမံကိန်းဖြင့် ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးရရှိရေး လုပ်ငန်းပြီးစီးပြီဖြစ်သဖြင့် မီးဖွင့်ပွဲအား အောက်တိုဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အဆိုပါကျေးရွာရှိ လျှပ်စစ်မီး ထရန်စဖော်မာရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။






