တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်းမှ နတ်မတောင်ဟိတဓရ ပရဟိတကျောင်းတိုက်၌ ကျန်းမာရေး စစ်ဆေးကုသပေးမည်        

တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်းမှ ကုသရေးသမားတော်ကြီးများ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများသည် ခေါနူးစုမ် ( ဝိတိုရိယ) တောင်တက်ရန် ကန်ပက်လက်မြို့သို့ အောက်တိုဘာ  ၁၂ ရက်နေ့တွင် ရောက်ရှိကြမည်ဖြစ်ပြီ ...........
တတိယကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၇၀ ထုတ်ချေးပေးခြင်းနှင့် ကျေးရွာအဆင့် ဆန်းစစ်သုံးသပ်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး       ယင်းမာပင်ခရိုင်      ပုလဲမြို့နယ်တွင်   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်    မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာ ၂၉ ရွာအနက်  ကံကြီးကျေးရွာ၌ အောက်တိုဘာ ၂ ရက်  ၊ နေ့လယ်  ၁၂ နာရီက တတိယကြိမ်မြောက် မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၃၇၀ ထုတ်ချေးပေးခြင်းနှင့် ကျေးရွာအဆင့် ဆန်းစစ်သုံးသပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရ
စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များငှားရမ်း ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လက်ပံတန်း မြို့မ ရဲစခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဖာပွန်မြို့နယ် တံခွန်တိုင်ကျေးရွာ၌ ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ  
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် တံခွန်တိုင်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ကုတင်(၅၀ဝ)မှ နယ်လှည့်ဆေးကုသခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ကုတင်(၅၀ဝ)မှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ အထူးကုဆရာဝန်ကြီးများဦးဆောင်၍ ရန်ကင်းမြို့နယ်အတွင်းနေထိုင်သော ရဟန်းရှင်၊ လူ၊ ပြည်သူများအား အခမဲ့ဆေးကုသပေးခြင်းလုပ်ငန်းများကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းစေတီတော်ဝင်းအတွင်းရှိ အရိယာဓမ္မရုံကြီး၌ ယနေ့နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်ထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့
အမျိုးသမီးများအတွက် ကောင်းမွန်သော အုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့် Active Citizenship စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် UNDP နှင့် OXFAM အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသမီးများအတွက် ကောင်းမွန်သော အုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့် Active Citizenship စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစိတ်အပိုင်း ပြောင်းလဲထားသောယာဉ်များအား ယာဉ်အိုယာဉ်ဟောင်းအစားထိုးတင်သွင်း အောက်တိုဘာလ ၁ ရက်နေ့မှစတင်ခွင့်ပြုပေးနေ
မော်တော်ယာဉ်အစိတ်အပိုင်း ပြောင်းလဲထားသောယာဉ်များအား ယာဉ်အို ယာဉ်ဟောင်းအစား ထိုးတင်သွင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ခွင့်ပြုပေးလျက်ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က YRTA ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းမီဒီယာတွေ့ဆုံပွဲ ၁၀/၂၀၁၉ တွင် ပြောကြားခဲ့