ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနား တက်ရောက်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ῝အသက်ကြောင့်မခွဲခြားတို့ဘိုးဘွား၊ စွမ်းအားတူညီ လျှောက်လှမ်းမည်῎ ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြု အခမ်းအနားကို အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်၍ အသက် ၈၀ နှစ်နှင့်အထက် အဘိုးအဘွားများအား ပူးဇော်ကန်တော့ငွေများ ပေးအပ်ခဲ့ကြ
သုံးခွမြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည် ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ် ၄ ရပ်ကွက် ရှစ်မျက်နှာစေတီတော် ပရိဝုဏ်ရှိ ရှစ်ကျိပ်တစ်ဆူ ဘုရားဂေါပကအဖွဲ့မှ ကြီးမှူး၍ နှစ်စဉ် အစဉ်အလာမပြတ် ကျင်းပမြဲဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ရှစ်ကျိပ်တစ်ဆူဘုရားနှင့် ရဟန္တာများအဆူ ၂၀ဝ ကျော်တို့အား မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက် (အောက်တိုဘာ ၁၂ ရက်) ညနေနှင့် လပြည့်နေ့ အရုဏ်တို့တွင် ကျင်းပမည်ဟု သိရှိရသည်။
ဟိုပင်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တိုင်းရင်းဆေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တိုင်းရင်းဆေး အသိပညာပေး ဟောပြောခြင်းကို အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီက  တကွင်းကျေးရွာအုပ်စု သဲဂုဏ် ကျေးရွာ  အ.မ.က မူလွန်ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲ ကံကြီးကျေးရွာ၌ ကျင်းပ
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (BookClub) အဖွဲ့ပူးပေါင်းကာ မြို့သစ်မြို့နယ်ကံကြီး ကျေးရွာ မူလတန်းကျောင်းသို့ ယမန်နေ့က သွားရောက်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့
ဆောင်းသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ချောင်းဦးမြို့နယ် ပေါက်အင်းရေတံခါးများမှ ရေစတင်လွှတ်ပေးလျှက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းရှိ တောင်သူများ ဆောင်းသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ချင်းတွင်းမြစ်ရေများကို ပေါက်အင်းရေတံခါးများမှ အောက်တိုဘာလ ၁ ရက်နေ့က စတင်၍ ရေလွှတ်ပေးလျှက်ရှိကြောင်း သိရသည်။
ကသာမြို့၌ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မှ ကြီးမှူး၍ စိုက်ပညာဝန်ထမ်းများ (GAP) စနစ် အား ကောင်းစွာ နားလည်သိရှိပြီး (GAP) စနစ် ဖြင့် စိုက်ပျိုး ထုတ်လုပ်မည့် တောင်သူများအား ပညာပေးနိုင်ရေးအတွက် ရည်ရွယ်၍ စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)  သင်တန်းအား ယမနေ့ နံနက် (၉) နာရီ အချိန်က ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ၌ ဖွင့်လှစ်ခဲ့
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာတွင်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပြီးစီး
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့်  စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပြီးခဲ့ကြောင်း သိရသည်။