လူထုဗဟိုပြုစီမံကိန်း  “ဆဋ္ဌမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲ” ကျင်းပမည်

လူထုဗဟိုပြုစီမံကိန်း “ဆဋ္ဌမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သုံးသပ် ဆွေးနွေးပွဲ” "THE SIXTH ANNUAL UNION LEVEL REVIEW MEETING" ကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပုလောမြို့နယ်၌ မိုးကြိုးထိမှန်၍ အောင်စကြာစေတီတော်ကြီး ထီးတော်မြေခ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အောက်တိုဘာ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်း၍ မိုးကြိုးများပစ်သောကြောင့် အမှတ်(၅) နယ်မြေပိုင်၊ ကျောက်စုရပ်၊ မိန်းမလှ တောင်ပေါ်ရှိ အောင်စကြာ စေတီတော်ကြီး ထိမှန်ခဲ့ကြောင်း သိရ
ကျိုက်မရော မြို့နယ်အတွင်းရှိ ရေကြီးနစ်မြှုပ်မှုဒဏ်ခံခဲ့ရသည့် တောင်သူများအား မျိုးစပါးများထောက်ပံ့ပေးအပ်
မွန့်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေကြီးနစ် မြုပ်တောင်သူများအား မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲနှင့် ရေကြီးနစ်မြုပ် စာသင်ကျောင်းများအား စာသင်ခုံများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်
ကော့သောင်းမြို့တွင် မြန်မာယူနီကုဒ် စနစ်ပြောင်းလဲရေးအခမဲ့ ဝန်ဆောင်မှုပေး
မြို့နေပြည်သူများ၏ အသုံးပြုလျှက်ရှိသည့် လက်ကိုင်ဖုန်းများ ရှိ စာရိုက်စနစ်  မြန်မာယူနီကုဒ် စနစ်သို့ ပြောင်းလဲသည့် နည်းပညာဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ အများပြည်သူ နားနေဆောင်ရှေ့တွင် ကော့သောင်းခရိုင်၊ ဖုန်းလုပ်ငန်းရှင်များအသင်းမှ  အခမဲ့ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ
ဝမ်းတွင်းဒေသကွင်းအမှတ်(၁၄၇၂)တွင် စိုက်ပျိုးခဲ့သောမြေပဲများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ထနောင်းကုန်းကျေးရွာ ကွင်းအမှတ်(၁၄၇၂)တွင် မိုးလယ်ကာလ ရွာသွန်းခဲ့သော မိုးဖြင့် မြေပဲများ စိုက်ပျိုးခဲ့ရာမြေပဲပင်များ အပင်တိုင်း အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။
သုံးဆယ်မြို့ သရက်လေးပင်ရွာတွင်  ရှင်ဥပ္ပဂုတ္တမထေရ်မြတ်ရုပ်ပွားတော်ကြီးအား ရေဖောင်မျှောပွဲ စည်ကားစွာ ကျင်းပမည်
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သုံးဆယ်မြို့ သရက်လေးပင်ရွာ၌ (၉၅)ကြိမ်မြောက် ရှင်ဥပ္ပဂုတ္တမထေရ်မြတ်ရုပ်ပွားတော်ကြီးအား ရေဖောင်မျှောပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်  မွန်းလွဲပိုင်းတွင် ဖောင်များဖြင့် သရက်လေးပင်ရွာမှစတင်ကာ ရန်ကုန်-ပြည် ဆက်သွယ်ထား သော သုံးဆယ်တံတားထိပ်အထိ စည်ကားသိုက်မြိုက်စွာ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါခရိုင်တွင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ
ဂန့်ဂေါခရိုင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂၀၁၉)ကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ ....