Orbis မျက်စိရောဂါကု လေယာဉ်ဆေးရုံကြီး မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မျက်စိကုသခြင်းနှင့် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်
အမေရိကန်အခြေစိုက် Orbis မျက်စိရောဂါကု လေယာဉ်ဆေးရုံကြီး (Flying Eye Hospital) သည် မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မန္တလေး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးနှင့် ပူးပေါင်း၍ မျက်စိရောဂါကုသခြင်းနှင့် သင်ကြားရေးလုပ်ငန်းများကို စက်တင်ဘာ ၂၃ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




