ကျွန်းလှတွင် ရေမြေတောတောင်ဝန်းကျင် ပြန်လည်ပြုစုပျိုးထောင်ရေး မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် GEF-6၏ အထောက်အပံ့ဖြင့်သစ်တော ဦးစီးဌာန အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ IUCN နှင့် The Nature Conservancy (TNC)တို့ပူးပေါင်း၍ရေမြေတောတောင်ဝန်းကျင်ပြန်လည်ပြုစုပျိုးထောင်ရေးမြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျွန်းလှမြို့သီတဂူဗုဒ္ဓတက္ကသိုလ်၌ ကျင်းပကြောင်းသိရ
ကန့်ဘလူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပ 
 စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို အဆိုပါ ရုံးရှေ့၌ စက်တင်ဘာ ၂၄ ရက်နံနက် ၈ နာရီက ကျင်းပ
ဒလမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးမှုများပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်သီရိဇေယျနော်ရထာခမ်းမတွင် ယနေ့ နံနက်ပိုင်းက စွန့်ပစ်အမှိုက်စီမံခန့်ခွဲမူ့အသိပညာပေးဆွေးနွေးမူများအားပြုလုပ်ခဲ့
ခင်ဦးမြို့နယ်တွင် အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်ရေး “ကရာတေးဒို” (Kempo) သင်တန်းဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် သက်ငယ်မုဒိမ်းပပျောက်ရေးနှင့် အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်ရေးအစီအစဉ်အရ ခင်ဦးအခြေခံပညာ အထက်တန်းကျောင်း သီရိရတနာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက “ကရာတေးဒို” (Kempo) အခြေခံသင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ
တိုက်ကြီးမြို့နယ်၊မီးလောင်ကုန်းကျေးရွာ၌ တောဆင်ရိုင်းတစ်ကောင်ဝင်ရောက်
ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဉက္ကံမြို့ ကျွဲဘုတ်ကျေးရွာအုပ်စု၊ မီးလောင်ကုန်း ကျေးရွာ၌ ယမန်နေ့ ၄ နာရီ ၁၅ မိနစ်ခန့်က ကျွဲဘုတ်ကျေးရွာအုပ်စု၊မီးလောင် ကုန်းကျွေးရွာ၊ ဦးတင်ထွန်း နေအိမ်သို့ ဂျစ်ကားအမည်ရှိ တောဆင်ရိုင်းတစ်ကောင်ဝင်ရောက် ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်းရှိ ဆန်(၂)အိတ်အား စားသောက်ခဲ့ကြောင်းနှင့် ၎င်းတောဆင်ရိုင်းသည် ညနေ ၄ နာရီ မိနစ် ၅၀ ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရ
မြိတ်မြို့ ရွှေပေးဈေးတွင် စားသုံးရန်မသင့်သော အစားအသောက်များရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာလ(၂၄)ရက်တွင် မြိတ်မြို့ရွှေပေးဈေး၌ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြ
တိုင်းဒေသကြီး ဝန်ကြီး မြိတ်မြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးနှင့် လဝကရုံး ဝန်ထမ်းများနှင့် အလုပ်သမားများအား တွေ့ဆုံ
တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းသည် စက်တင်ဘာလ(၂၄)ရက်က မြိတ်မြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးနှင့် လဝကရုံးတို့အား သွားရောက်ပြီး ဝန်ထမ်းများ၊ အလုပ်သမားများအား တွေ့ဆုံခဲ့