မြစိမ်းရောင်ရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဂွေးပင်ကျင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ခွင့်ပြုအတိုးရငွေကျပ် (၁၂ ဒဿမ ၅) သန်းဖြင့် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ
တွံတေး၌ တက္ကသိုလ်အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ ကျင်းပမည်
၂၀၁၉ - ၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်မြို့နယ်အောင်ချက်မြင့်မားရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်မှုဖြင့် တွံတေးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းများ အောင်ချက်မြင့်မားလာစေရေး ဘာသာရပ်ဆိုင်ရာ  ဆွေးနွေးပွဲကို စက်တင်ဘာ (၂၇)ရက်နေ့နံနက် (၁၀)နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရ
စတုတ္တကြိမ်မြောက် မြစိမ်းရောင်အတိုးရငွေများဖြင့် ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည်
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာများတွင် စတုတ္တကြိမ်မြောက် မြစိမ်းရောင် အတိုးရငွေများဖြင့် ကျေးရွာဖွံဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးလက်ရေပေးဝေရေးလုပ်ငန်း၊ ကျေးလက်မြေသားလမ်း ဖောက်လုပ်သည့် လုပ်ငန်းနှင့် ကျေးရွာအဝင် ကွန်ကရစ်တံတားဆောက်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးမှသိရ
ပဲခူးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးမွေးမြူရေးဆိုင်ရာသင်တန်းဖွင့်လှစ်ပို့ချ
ပဲခူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးမွေးမြူရေးဆိုင်ရာ သင်တန်းကျောင်းတွင် ငါးမွေးမြူရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်
ခင်ဦးမြို့နယ်တွင်ငါးမျိုးပြုန်းတီးမှုမရှိစေရေး စပါးခင်းများအတွင်ငါးမျိုးများစိုက်ထည့်ပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးပြုန်းတီးမှုမရှိစေရေး စပါးခင်းများအတွင်း ငါးမျိုးများစိုက်ထည့်ပေးခြင်း အခမ်းအနားကို ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတောင်သူဦးမြင့်စိုးကွင်းအမှတ် ၂၄၁၂ ၌ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်
မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသည့် မြေသားလမ်းအား ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေစွာသွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးစေလို
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင် ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အသုံးပြုသွားလာသည့် ပုဂံမြို့မှ ရွှေဆံတော်ဘုရားသို့ ဆက်သွယ်ဖောက်လုပ်ပေးထားသော မြေသားလမ်းသည် ယခုအခါ မိုးရေများတိုက်စားပြီး ချိုင့်ခွက်ကြီးများဖြစ်ကာ လမ်းပျက်စီးယိုယွင်းနေကြောင်း သိရပြီး မကြာမီအချိန်တွင် ခရီးသွားရာသီ စတင်တော့မှာဖြစ်သည့်အတွက် ဒေသခံပြည်သူများနှင့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေစွာသွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း ပုဂံမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရ
ဓနုဖြူတွင် စာသင်ကျောင်းများသို့ စာပွဲတင် တင်းနစ်ခုံနှင့် အားကစားပစ္စည်းများလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ အားကစားနှင့်ကာယပညာကော်မတီနှင့် စားပွဲတင်တင်းနစ် ဆပ်ကော်မတီတို့ ပူးပေါင်း၍ စားပွဲတင်တင်းနစ်ခုံနှင့် အားကစားပစ္စည်းများပေးအပ်ပွဲအား စင်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမတွင် ပြုလုပ်ခဲ့