မူဆယ်မြို့ရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များကို ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များကို မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့်က စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မူဆယ်ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျပ်(၃)သိန်းစီ စုစုပေါင်း(၂၄)သိန်းကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပါ
မန္တလေးမြို့တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအတွက် လှုပ်ရှားမှု Campaign များ ဆက်လက် လုပ်ဆောင်မည်
မန္တလေးမြို့တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု Campaign များ ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် မန္တလေးမြို့မှ သဘာဝစိမ်းအဖွဲ့မှ သိရသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ  အဆောက်အအုံများကို သန့်ရှင်းရေး ဆောင်ရွက်မည်
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) နှင့် ပထမဆုံးအကြိမ် ပူးပေါင်း၍ ----------
ကျိုက်မရောမုဒုံချောငိးနှစ်ခွကားလမ်းပေါ်ရှိဘေလီ တံတားကျိုးကျ၍ အချိန်မီပြုပြင်ပေးလျက်ရှိ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် မုဒုံချောင်းနှစ်ခွသွားကားလမ်းပေါ်ရှိ ယာယီတည်ဆောက်ပေးထားသော ကဒါကျေးရွာရှိ ဘေလီကြက်ဖတံတားသည် ကားကြီးများ ဖြတ်သန်းသွားလာမှုများ၍ ခံနိုင်ဝန်အားနည်းလာပြီးအောက်ခံသံပေါင်များကျိးကျမှု ယနေ့နံနကိပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရ
သောက်သုံးရေအခက်အခဲကြုံနေသည့် စာသင်ကျောင်းသို့သွားရောက်ပြီး ရေဂါလန် ၃၂၀ဝ ဆံ့ရေသယ်ယာဉ်တစ်စီး လှူဒါန်း
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ငါ့မင်းမေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေကြောင်း သိရ၍ စက်တင် ဘာ ၂၄ ရက်၊ နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ သောက်သုံးရေဖူလုံစေရန် ရေဂါလန် ၃၂၀ဝ ဆံ့ ရေသယ်ယာဉ်တစ်စီး သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရ
ဘားအံ တိုင်းရင်းဆေးရုံတွင် အတက်ရောဂါအား တိုင်းရင်းဆေးဖြင့် ကုသခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး
ကရင်ပြည်နယ် တိုင်းရင်းဆေးဦးစီးဌာန၏ တိုင်းရင်းဆေးပညာဆိုင်ရာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် အနေဖြင့် ဘားအံမြို့နယ်တိုင်းရင်းဆေးကုသဌာန၏  အတက်ရောဂါအကြောင်း တိုင်းရင်းဆေးဖြင့် ကုသခြင်းဆိုင်ရာ သိကောင်းစရာများကို ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ခုတင် ၅ဝ ဆံ့ တိုင်းရင်း ဆေးရုံတွင် စာတမ်းဖတ်ကြား အသိပညာပေး ဆွေးနွေးကြ
ငဖဲမြို့နယ်၌ မိုးစပါး ၉၆၅၄ ဧကစိုက်ပျိုးပြီးစီး
မင်းဘူးခရိုင်၊ငဖဲမြို့နယ်၌ ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ဧက ၉၆၅၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စပါးမျိုးကွဲအလိုက် စိုက်ဧက မှာ မနောသုခ(၃၅၆၆)ဧက၊ ဆင်းသုခ(၂၃၁၀)ဧက၊ ရတနာတိုး(၁၆၀ဝ)ဧက၊ ဧရာမင်း (၁၄၁၈)ဧက၊ ကောက်ညှင်း (၄၁)ဧကနှင့်တောင်ယာ(၇၁၉)ဧက စုစုပေါင်း (၉၆၅၄)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု စာရင်းအင်းဦးစီးဌာနရုံးမှ သိရှိရသည်။ငဖဲမြို့နယ်တွင် ၂၀၁၈ခုနှစ်၊ မိုးစပါးဧက ၁၀၉၇၀ ဧကစိုက်ပျိုးရန်လျာထားခဲ့ရာမှ စိုက်ဧက (၁၀၂၅၁)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၁၀၂၅၁ ဧကတွင် တစ်ဧကအထွက်နှုန်း ၇၇.ဝ၅ တင်းထွက်ရှိ ခဲ့ကြောင်းသိရ