မြောင်းမြတွင် သိမ်းဆည်းခံ မြေယာများအား မူလတောင်သူများထံ ပြန်လည်ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သိမ်းဆည်းခံ လယ်ယာမြေများအား မူလတောင်သူများထံ ပြန်လည်ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။







