အများပြည်သူပန်းဖြေရာ ရေတံခွန်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော အများပြည်သူပန်းဖြေလျက်ရှိသည့် သရက်ချောင်းရေတံခွန်အတွင်း သန့်ရှင်းသာယာစေရေးနှင့် အနယ်နယ်အရပ်ရပ် မှ ရေကစားလာသူများ စိတ်ချမ်းမြေ့စွာ ရေကစားနိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြခဲ့ကြသည်။





