မိုးသည်းထန်မှုကြောင့် မြေပြိုလမ်းပိတ်ခဲ့သော မိုးမောက်-လွယ်ဂျယ်လမ်းတွင် မော်တော်ယာဉ်များ ပုံမှန်ပြန်လည်သွားလာနိုင်ပြီဖြစ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးမောက်-လွယ်ဂျယ် လမ်းပိုင်းအတွင်း ယမန်နေ့က မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ယနေ့ မွန်းလွဲ ၃ နာရီတွင် လမ်းရှင်းလင်းရး လုပ်ငန်းများဆောင်ရွက်ပြီးဖြစ်သဖြင့် မော်တော်ယာဉ်သွား ပုံမှန်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း လွယ်ဂျယ်မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
(၄၇)နှစ်ကြိမ်မြောက် တိုင်းဒေသကြီး နှင့် ပြည်နယ် အလေးမပြိုင်ပွဲကျင်းပမည်
၂၀၁၉ ခုနှစ် (၄၇)နှစ်ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲကို  မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်မှ သြဂုတ်လအကုန် စက်တင်ဘာလ အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်တံခါးမြို့မဈေးအတွင်းမှ သံသယရှိဖွယ် အစားအသောက်များအား ဈေးကွက်နမူနာကောက်ယူ၍ ရွှေ့လျားဓါတ်ခွဲယာဉ်ဖြင့် ချက်ချင်းစစ်ဆေး
ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနမှ ယနေ့ နံနက်ပိုင်းက ကျောက်တံခါးမြို့မ ဈေးအတွင်းရောင်းချနေသော ---------
ကျိုက်မရောမြို့ သဘာဝဘေး ကျရောက်သောဒေသများသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာများ လှူဒါန်း
သဘာဝဘေး ကျရောက်လျက်ရှိသော မွန်ပြည်နယ် ကျိုက်မရောမြို့နယ်သို့ နေ့စဉ်ရက်ဆက် ရေဘေးအလှူရှင်များ လာရောက်လှူဒါန်းလျက်ရှိသော်လည်း တိရစ္ဆာန်များအတွက် အစာရေစာငတ်ပြတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
သဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဖလမ်း၌ကျင်းပပြုလုပ်
သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိနိုင်ရေးအတွက် သဘာဝဘေးများဆိုင်ရာ-------
ဟိုင်းကြီးကျွန်းမြို့ မြို့သစ်ကျေးရွာတွင်  ထွန်တုံးပိတ်ကောက်စိုက်သရုပ်ပြပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မြို့သစ်ကျေးရွာအုပ်စု၊ မြို့သစ်ကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာန၊ မေတ္တာအဖွဲ့နှင့်
ဒုတိယဝန်ကြီး ဦးကျော်လင်း ဒိုက်ဦး - စစ်တောင်းလမ်း၊ ဘားအံ - ကော့ကရိတ်လမ်းနှင့် ကျိုက်သလ္လံစေတီတော် ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး 
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျော်လင်းသည် သြဂုတ် ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း JICA ချေးငွေဖြင့် ၂၀၁၇ ခုနှစ်က ကတ္တရာလမ်းခင်းထားသည့် ဒိုက်ဦး - စစ်တောင်းလမ်း၏ မိုးရာသီအတွင်း လမ်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဂျပန်နိုင်ငံ Consultant ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လက်ရှိကတ္တရာ လမ်း၏ ပျက်စီးနေသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်နိုင်ရေး ဆွေးနွေးသည်။