အမေရိကန်နိုင်ငံက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားထုတ်လုပ်ရေးလုပ်ငန်းတွေ ဇွန် ၁၂ ပြန်လည် စတင်မယ်
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အစိုးရ ရုပ်ရှင်၊ ရုပ်မြင်သံကြားနဲ့ တေးဂီတထုတ်လုပ်ရေးလုပ်ငန်းတွေကို ဇွန် ၁၂ ရက်နေ့စပြီး ပြန်လည် လည်ပတ်ခွင့်ပေးမယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါထိန်းချုပ်နိုင်ရန်အတွက် ဖျော်ဖြေရေးထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ မတ်လလယ်ကစပြီး ပိတ်ခဲ့တာဖြစ်ပါတယ်။ 
အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးကြောင့် ၉၀၀ ကျော်သေဆုံး
အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးကြောင့် လူပေါင်း ၉၂၂ ဦး သေဆုံးကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က သောကြာနေ့က ထုတ်ပြန်ပါတယ်။
ဗိုင်းရပ်စ်ပိုးကူးစက်မှုကနေ ကာကွယ်ရန် လူမြင်ကွင်းမှာ မျက်နှာဖုံးဝတ်ဆင်သင့်ကြောင်း  WHO အကြံပေး
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှ ကာကွယ်ရန်အတွက် မျက်နှာဖုံးဝတ်ဆင်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့မှာ အကြံပြုထားပါတယ်။