ပါကစ္စတန်တွင် တရုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု စတင်
ပါကစ္စတန်ဝန်ကြီးချုပ် အီမာရန်ခန်းသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးစားမှု တစ်စိတ်တစ်ပိုင်း အနေဖြင့် တရုတ်နိုင်ငံမှ လှူဒါန်းသော ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံမှုကို ယမန်နေ့က စတင်လုပ်ဆောင်ခဲ့သည်။








