အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ပိုးတွေ့သူ ၂၅၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၉၀၀ ကျော်ရှိ

နယ်သာလန်နိုင်ငံဟာ EU အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ကာကွယ်ဆေးထိုးနှံရေးအစီစဉ် စတင်တဲ့ နောက်ဆုံးနိုင်ငံဖြစ်လာ

ဂျိုးဘိုင်ဒန်ရဲ့ သမ္မတ ကျမ်းကျိန်ပွဲကို အမေရိကန် သမ္မတဟောင်း ဂျော့ ဒဗလျူ ဘု့ရှ် တက်ရောက်မယ်
ဒီမိုကရက် ပါတီဝင် ဂျိုး ဘိုင်ဒန် နဲ့ ကာမလာ ဟဲရစ် တို့ရဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပမယ့် ကျမ်းကျိန်ပွဲ အခမ်းအနားကို ရီပတ်ပလစ်ကန်ပါတီဝင်  အမေရိကန် သမ္မတဟောင်း ဂျော့ ဒဗလျူ ဘု့ရှ် က တက်ရောက်မှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။
ဒိန်းမတ်နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ် ကူးစက်ခံရသူတွေ ရှိနေတဲ့အတွက် နေအိမ်မှာပဲနေရန် တိုက်တွန်းနေ
ဒိန်းမတ်နိုင်ငံမှာ ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့တဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ် ကူးစက်ခံရသူတွေ ရှိနေတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်လိုက်ပြီး နေအိမ်မှာဘဲနေရန် တိုက်တွန်းထားကြောင်း တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောကြားပါတယ်။
ဂျာမနီနိုင်ငံမှာ အသွားအလာ ကန့်သတ်မှု အချို့အား ဇန်နဝါရီလကုန်ပိုင်းအထိ တိုးမြှင့် သတ်မှတ်
ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန် အသွားအလာ ကန့်သတ်မှု အချို့အား ဇန်နဝါရီလကုန်ပိုင်းအထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။