ပါကစ္စတန်တွင် ရေနံချက်စက်ရုံ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားသဖြင့် သုံးဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယမန်နေ့ညပိုင်းက ရေနံချက်စက်ရုံ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် အလုပ်သမား သုံးဦး သေဆုံးပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရမီဒီယာက ဖော်ပြထားသည်။