ဘရာဇီးတွင် တစ်ရက်အတွင်း  ၂၈၆၃၃ ဦး ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရ

ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၂၈၆၃၃ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၅၈၄၀၁၆ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ နှောင်းပိုင်းက ပြောကြားခဲ့သည်။
အာဖဂန်တွင် တိုက်ပွဲဖြစ်ပွား စစ်သွေးကြွ တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း လိုဂါပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သွေးကြွ တစ်ဦးထက်မနည်း သေဆုံးပြီး အခြား နှစ်ဦး ဒဏ်ရာရရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
လူမျိုးရေးပဋိပက္ခကို လှုံ့ဆော်တဲ့အတွက် အမေရိကန်သမ္မတရဲ့ အကောင့်ကို Snapchat ဆိုရှယ်မီဒီယာက ထိန်းချုပ်လိုက်ပြီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူမျိုးရေးပဋိပက္ခကို လှုံ့ဆော်တဲ့ ပြောဆိုမှုတွေ ရှိနေတဲ့အတွက် Snapchat ဆိုရှယ်မီဒီယာက  သမ္မတရဲ့အကောင့်ကို လူကြည့်များအောင် မလုပ်တော့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဆန္ဒပြသူတွေကို နှိမ်နင်းရန် တပ်တွေကို လမ်းမပေါ် မလွှတ်နိုင်ဘူးလို့ ပြောကြား
အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ဝန်းက ဆန္ဒပြပွဲတွေကို နိမ်နင်းရန် တပ်တွေကို စေလွှတ်မှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
နယူးဇီလန်တွင် ကိုဗစ်-၁၉ ကူးစက်မှု မတွေ့ရသည်မှာ ၁၃ ရက် ရှိလာပြီဖြစ်
နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် မတွေ့ရသည်မှာ ၁၃ ရက် ဆက်တိုက်ရှိလာပြီ ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း ကူးစက်ခံရမှုပေါင်း ၁၅၀၄ ရှိကြောင်း ကျန်းမာရေး ညွှန်ကြားရေးမှူးချုပ် အက်ရှလေ ဘလွန်းဖီး က ယနေ့တွင် ပြောကြားခဲ့သည်။
တောင်-မြောက် စစ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းပစ်မည်ဟု ကင်ဂျုံအန်၏ညီမ ခြိမ်းခြောက်
တောင်ကိုရီးယားနိုင်ငံရှိ ထွက်ပြေးလာသူများက နယ်စပ်တစ်လျောက် မြောက်ကိုရီးယား ဆန့်ကျင်ရေး စာရွက်စာတမ်းများ ပေးပို့မှုကြောင့် တောင်ကိုရီးယားနှင့် စစ်ရေး သဘောတူညီချက်များကို ဖျက်သိမ်းပစ်မည်ဟု--------
ဂျပန်အနောက်ပိုင်းတွင် သံသယဖြစ်ဖွယ်ရာ ဒူးလေးဖြင့် တိုက်ခိုက်မှုကြောင့် လူနှစ်ဉီး သေဆုံး
ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ရဲတပ်ဖွဲ့ ဒူးလေးဟု ယူဆရသည့် လက်နက်တစ်မျိုးဖြင့် လူအမြောက်အမြားကို တိုက်ခိုက်မှု သံသယဖြင့်  လူတစ်ဉီးကို ဖမ်းဆီးခဲ့သည်။