ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမဦးဆုံးအကြိမ် လက်တွေ့ စမ်းသပ် နေချိန်မှာ သေဆုံးသူ ၁၈,၇၃၈ ဦး ရှိသွားပြီ
ဗြိတိန်နိုင်ငံမှာ မနေ့က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပထမဦးဆုံးအကြိမ်အဖြစ် စမ်းသပ်ခံမယ့် သူနှစ်ဦးကို ထိုးပေးလိုက်ကြောင်း၊ ပထမအကြိမ်အနေနဲ့ လူပေါင်း ၈၀၀ လောက်ကို စမ်းသပ်ထိုးပေးဖို့ စုဆောင်းထားကြောင်း သိရပါတယ်။






