နိုင်ဂျီးရီးယားနိုင်ငံ၌ ယခုနှစ်အတွင်းရေကြီးရေလျှံမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၅၄၆ ဦး၊ သေဆုံးသူ ၅၀၀ ကျော်ရှိလာ
နိုင်ဂျီးရီးယားနိုင်ငံတွင် ယခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၅၄၆ ဦးနှင့် သေဆုံးသူဦးရေ ၅၀၀ ကျော်ရှိလာကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။


