တရုတ်ဆေးဘက်ဆိုင်ရာအာဏာပိုင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသစ်တစ်မျိုး အသုံးပြုရန် အတည်ပြု

တရုတ်နိုင်ငံကကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသစ်တစ်မျိုးကို နိုင်ငံအတွင်း အသုံးပြုရန် ဖေဖော်ဝါရီ ၇ ရက်က
အိန္ဒိယနိုင်ငံတွင် ရေခဲမြစ်ပျော်ကျမှုကြောင့် ရုတ်တရက်ရေကြီးကာ လူအချို့ပျောက်ဆုံးနေ
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်ပြည်နယ်တွင် ရေကာတာတစ်ခုထဲသို့ ရေခဲမြစ်ပျော်ကျမှုကြောင့် ရုတ်တရက်ရေကြီးခဲ့ရာ လူအများအပြားပျောက်ဆုံး လျက်ရှိပြီး သေဆုံးသူအချို့ရှိနိုင်ကြောင်း
စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂ ဦး ထပ်မံတွေ့ရှိ
စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်း ၅၉၆၂၄ ဦး အထိရှိလာကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။
ယူဂန်ဒါနိုင်ငံတွင် စာသင်ကျောင်းများ၊ တက္ကသိုလ်များ အဆင့်ဆင့် ပြန်လည်ဖွင့်လှစ်မည်
ယူဂန်ဒါနိုင်ငံတွင် စာသင်ကျောင်းများနှင့် အဆင့်မြင့် ပညာရေး အဖွဲ့အစည်းများကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေး အစီအမံများဖြင့် မတ် ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်ဟု သမ္မတ ယိုဝီရီ မူစီဗန်နီက ယမန်နေ့က ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွား လူ ၂၆ ဦး သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ခန်နာဘတ်ခရိုင် ကူဒက်ဇ်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားသဖြင့် တာလီဘန်စစ်သွေးကြွ ၁၀ ဦးနှင့် အစိုးရလိုလားသော ပြည်သူ့စစ် အဖွဲ့မှ ၁၆ ဦး အပါအဝင် ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း  ခရိုင်လက်ထောက် အကြီးအကဲ ကူထရာတူလ်ဆာဖီ က ပြောကြားသည်။
ဂျပန်နိုင်ငံက Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသုံးပြုရန် ဖေဖော်ဝါရီ ၁၅ ရက်တွင် အတည်ပြုဖွယ်ရှိ
ဂျပန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက Pfizer-BioNTech မှ ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အသုံးပြုခြင်းကို ဖေဖော်ဝါရီ ၁၅ ရက်တွင် အတည်ပြုရန် စီစဉ်နေသည်။
တူရကီ နိုင်ငံတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာ မြင့်တက်
တူရကီ နိုင်ငံတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာ မြင့်တက်လာသည်ဟု တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင် ကိုကာက ယမန်နေ့က ပြောကြားခဲ့သည်။