စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်၊ မွေး၊ ဆည် ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသ ကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူလယ်သမား သင်တန်းကျောင်း သို့ ရောက်ရှိကြပြီး အကျိုးဆောင်တောင်သူဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ် (၁၅/၂၀၁၉ -၂၀၂၀)တက်ရောက်နေကြသည့် သင်တန်းသူသင်တန်းသားများနှင့် တွေ့ဆုံသည်။