ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့်မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်း ထားခြင်းကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား(၇၂)ဦးနှင့်
မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် ပရဟိတအသင်းအဖွဲ့များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊  ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့ စုစုပေါင်း(၁၄)သင်းတို့ကို မေ ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် မူဆယ်မြို့၊ စုပေါင်းခရိုင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်သည်။
မြန်အောင်မြို့နယ်အတွင်း စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးချိုချို ဦးဆောင်၍ မြို့နယ်အတွင်း စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက်က စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ စည်းမျဉ်းစည်းကမ်းများကို ဇွန်လကုန်အထိ ထပ်မံသက်တမ်းတိုး
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေ စည်းမျဉ်းစည်းကမ်းများကို ထိုင်းနိုင်ငံက သောကြာနေ့က နောက်ထပ်တစ်လ ထပ်မံသက်တမ်းတိုးခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် နေရပ်ပြန်များကို သီးခြားစောင့်ကြည့်ထားရှိရန် စီစဉ်ဆောင်ရွက်ထားသော Facility Quaratine နေရာအား ကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ ဦးအောင်ချိုဦးသည် ယနေ့နံနက်က ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေရပ်ပြန်များကို သီးခြားစောင့်ကြည့်ထားရှိရန် စီစဉ်ဆောင်ရွက်ထားသော Facility Quarantine နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး Quarantine ဝင်ရောက်သူများ နေထိုင်ရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးစစ်ဆေးမှုများကို ဂရုတစိုက် လုပ်ဆောင်ရန် တို့ကို မှာကြားသည်။
COVID-19 Myanmar Tourism Strategic Roadmap (မူကြမ်း) အပေါ် ညှိနှိုင်းဆွေးနွေးပွဲကို Video Conferencing ဖြင့် ပြုလုပ်
COVID-19 Myanmar Tourism Strategic Roadmap (မူကြမ်း) အပေါ် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ကျင်းပသည်။
ပုသိမ်စက်မှုဇုန်၌ အာမခံအလုပ်သမားများသို့ လူမှုဖူလုံရေးထောက်ပံ့ငွေ  ၄၀ ရာခိုင်နှုန်းပေးအပ် 
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပိတ်သိမ်းထားခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ စစ်ဆေးချက်နှင့်အညီ ဧပြီ ၇ ရက်နေ့မှစ၍ ပုသိမ်စက်မှုဇုန်၌ စက်ရုံပေါင်း (၉) ရုံ ပြန်လည်ဖွင့်လှစ်ခဲ့သည်။