ဆိပ်ခံတံတားများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန်နှင့် တံတားအတက်အဆင်း စနစ်တကျဖြစ်စေရန် ဆောင်ရွက် 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ တံတားများ၌ တံတားအသုံးပြုသူများကြောင့် လူစုလူဝေး မဖြစ်စေရန်နှင့် တံတားအတက်အဆင်း စနစ်တကျဖြစ်စေရန်၊ တံတားအနီးတွင် ရပ်နားထားသော ဆိုင်ကယ်များနှင့် မော်တော်ကားများ စနစ်တကျဖြစ်စေရန် မေ ၂၂ ရက် နံနက်ပိုင်းက မြိတ်ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆောင်ရွက်ခဲ့ကြသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့သို့ PPE ဝတ်စုံနှင့် MASK များ လာရောက်လှူဒါန်း
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်းများ အသုံးပြုရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးသို့ ယနေ့ နံနက်ပိုင်းတွင် PPE ဝတ်စုံ (၂၀ဝ)နှင့် MASK (၅၀ဝ၀) လာရောက်လှူဒါန်းသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လုပ်ငန်းခွင်အတွင်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရေး အသိပညာပေး
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ဌာနဆိုင်ရာအသီးသီးမှ ဒေသဖွံ့ဖြိးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်း
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဘဏ္ဍာရေးဆပ်ကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ထောက်ပံ့ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိ
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။
မြန်မာ့မီးရထားအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အဓိကကျသည့် လမ်းပန်းဆက်သွယ်မှု (၆)ခုတွင် ရထားပြေးဆွဲပေးလျက်ရှိ
ကိုဗစ်-၁၉ ကာလအတွင်းပြည်သူများ ခရီးသွားလာမှုကို ကန့်သတ်ရန် လိုအပ်သည့်အတွက် တစ်နိုင်ငံလုံးတွင်ရှိသည့် မီးရထားသွားလာမှုများကို ဧပြီ(၁၀) ရက်မှစတင်၍ လျှော့ချပြေးဆွဲနေသော်လည်း အဓိကကျသည့် လမ်းပန်း ဆက်သွယ်မှု (၆)ခုတွင် ရထားတစ်စင်းစီ စီစဉ်ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား လက်ထောက်အထွေထွေ မန်နေဂျာ (သွားလာရေး/တိုင်း) ဦးဇော်လွင်ထံမှ သိရသည်။