ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
ကလေးဝမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတိပေးချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ရေး အသိပညာပေး
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ သတိပေးချက်များနှင့်အညီ တိကျစွာ လိုက်နာပြင်ဆင် ဆောင်ရွက်ရေး အသိပညာပေးခြင်းကို မေ  ၂၁ ရက်က မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့သည်။
မူဆယ်မြို့၌ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများစစ်ဆေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးကာတွင် ယာယီရပ်နားထားသည့် လိုင်စင်ရ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် မူဆယ်မြို့၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားရေးဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးသည်။
ပေါက်ကုန်းကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနနှင့်  Clean & Green  ပရဟိအဖွဲ့တို့ ပူးပေါင်း၍ ပေါက်ကုန်းကျေးရွာတွင် ပိုးသတ်ဆေး ဖျန်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါဖြစ်ပွားမှု ခြုံငုံသုံးသပ်မှုအခြေအနေ

စင်ကာပူတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၂၉၃၆၄ ဦး ရှိလာ

တူရကီတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၅၂ ၅၈၇ ဦး ရှိလာ