လွိုင်ကော်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဝိုင်ယာရှော့ဖြစ်ပြီး နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်က ရေနွေးအိုး တည်ရာမှ ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာသည့် ၆ ဘီးယာဉ်ပေါ်မှ အိုက်စ် ၃၄၃ ကီလို သိမ်းဆည်းရမိ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ငွေကျပ် ၆ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
ပုလောမြို့ အမှတ်(၁)ရပ်ကွက်၌ နေအိမ်တစ်ဆောင် မီးလောင်မှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ ဒီဇင်ဘာ ၂၆ ရက် နံနက် ၆ နာရီခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကလောနှင့် ကျိုင်းတုံ မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီတွင် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအနီး၊ အောင်ပန်း-ပင်လောင်းသွား ကားလမ်းတွင် ထွန်းရွှေ မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ
သထုံမြို့နယ် မြေနီကုန်းကျေးရွာ၌ ရော်ဘာသိုလှောင်ရုံ မီးလောင်၊ ရော်ဘာပြား ပေါင် ၂၀၀၀ ခန့် ပျက်စီးဆုံးရှုံး
သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးအရှေ့ဘက်ခြမ်း မြေနီကုန်းကျေးရွာ  (အ.မ.က)အနောက်ဘက်ရှိ ရော်ဘာသိုလှောင်ရုံတွင် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီ ခန့်က  (၅)နာရီကျော်ကြာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သထုံခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကွမ်းလုံမြို့နယ်မှ ငွေကျပ်သိန်း ၃,၂၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့်များ၊ ခဲယမ်းများနှင့် သိန္နီမြို့နယ်မှ ငွေကျပ်သိန်း ၁,၁၀၀ ကျော်တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ရာနိုက်များ ဖမ်းဆီးရမိ
ကွမ်းလုံမြို့နယ်တွင် ငွေကျပ်သိန်း ၃,၂၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့်များ၊ ခဲယမ်းများနှင့် သိန္နီမြို့နယ်တွင် ငွေကျပ်သိန်း ၁,၁၀၀ ကျော်တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ရာနိုက်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။