ငမိုးရိပ်ချောင်းအတွင်း ခုံးကောက်သွားရာမှ လူ လေးဦး ရေနစ်သေဆုံး
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဖောင်ကြီးအနောက်ကျေးရွာအုပ်စု ဘုရားကုန်း ကျေးရွာ အရှေ့ဘက် ငမိုးရိပ်ချောင်းအတွင်း ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ခုံးကောက်နေရာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။






