မန္တလေး - မြစ်ကြီးနား မီးရထားလမ်း အင်းတော်လမ်းပိုင်းတွင် မီးရထားနှင့် ကားတိုက်မိမှု ဖြစ်ပွား၊ လူထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် မြအင်းသာလမ်းနှင့် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းဆုံရာ တရားမဝင် ရထားလမ်းကူးနေရာ မီးရထားလမ်း မိုင်တိုင် အမှတ် ၅၈၅/ ၂၀ နှင့် ၅၈၅/၂၁ ကြားတွင်၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်က မြစ်ကြီးနားမှ မန္တလေး သို့ ထွက်ခွာလာသော စက်ခေါင်းအမှတ် DF – 1343 ( အစုန် ) ကုန်တင်ရထားနှင့် မြအင်းသာ လမ်းအတိုင်း မောင်းနှင်လာသော AD Van အမျိုးအစား (အဖြူရောင်) ယာဉ်နှင့် တိုက်မိ၍ ကားမှာ မီးရထားလမ်းအတိုင်း ပေ ၁၅၀ ခန့် လျှောတိုက်ပါသွားကြောင်း သိရ
သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ်ခြောက်စီး ဆင့်တိုက်မှုဖြစ်ပွား
သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းထောင့် မီးပွိုင့်တွင် ယနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်က ယာဉ်ခြောက်စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ပစ်မည်ဟု ဆဲဆိုခြိမ်းခြောက်သူကို အရေးယူထား
သင်္ဃန်းကျွန်းမြို့နယ်၌ ထောက်ပံ့ကြေးငွေ မရရှိသည့်ကိစ္စအား မကျေနပ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ပစ်မည်ဟု ဆဲဆိုခြိမ်းခြောက်သူကို အရေးယူထားကြောင်း သိရသည်။
ရွှေညောင်မြို့ လှိုင်ဘုံသာရပ်ကွက်ရှိ ရွှေခြင်္သေ့ဓာတ်ဆီဆိုင်၌ မီးလောင်မှုဖြစ်ပွား
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ လှိုင်ဘုံသာရပ်ကွက်၊ နယ်မြေ(၂) ဆိုင်အမှတ် ၃၈၊ ပိုင်ရှင် ဦးသန်းဇော် ပိုင်ဆိုင်သော ရွှေခြင်္သေ့ဓာတ်ဆီဆိုင်တွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဆီဘောက်ဆာအတွင်းမှ ဆီများ ပေပါအတွင်းသို့ ပြောင်းထည့်နေစဉ် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၌ ဆိုင်ကယ်ဖြင့် ဓားပြ၍ ပိုက်ဆံအိတ်လုယူသူများကို ဖော်ထုတ်အရေးယူထား
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ နိုဝင်ဘာ ၁၄ ရက်က ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုယူသူများကို ဖော်ထုတ်အရေးယူထားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်