စည်ပင် ဒဏ်ကြေးငွေသက်သာအောင်ဆောင်ရွက်ပေးမည်ဆိုပြီး ငွေကြေးလိမ်လည်သည့် စည်ပင်မြေတိုင်းစာရေးအား တရားစွဲဆို
အိမ်ဆောက်မိန့်မကျမီ ကြိုတင်ဆောက်သည့်အတွက် ဒဏ်ကြေးငွေ သက်သာအောင်ဆောင်ရွက် ပေးမည်ဆိုပြီး ငွေကြေးလိမ်လည်ပြီးယူသည့် မြေတိုင်းစာရေးအား ဝန်ထမ်းအဖြစ်မှ ရပ်ဆိုင်းပြီး အမှုဖွင့်ထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။







