စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
သစ်တောဉီးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပါအဝင် အထူးအဖွဲ့ဖြင့် ကွင်းဆင်းရှာဖွေဖော်ထုတ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။








