မကွေးမြို့နယ် ကြို့ပင်အင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား လူနေအိမ် ၃၂ လုံး မီးလောင်ဆုံးရှုံး
မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာ၌ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဦးသိန်းထွန်း ၏ နေအိမ်မှ မီးစတင်လောင်ကျွမ်းရာ လူနေအိမ် ၃၂ လုံးမီးလောင် ဆုံးရှုံးခဲ့ပြီး ကျေးရွာနေပြည်သူ ၁၁၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။