တရားမဝင်ကျွန်းခွဲသား(၆)တန်ကျော်တင်ဆောင်လာသော ယာဉ်တစ်စီး ဖမ်းဆီးရမိ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ တရားမဝင်ကျွန်းခွဲသားများ(၆)တန်ကျော်တင် ဆောင်လာသူ(၂)ဦးကို ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းတွင် လှည်းကူးမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။