ကရင်နှစ်သစ်ကူးမှအပြန် ဆိုင်ကယ်တစ်စီး အရှိန်လွန်တိမ်းမှောက် တစ်ဦးသေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ယမန်နေ့ ည ၉နာရီက ကော့ကရိတ်-ကမိုင်ကုန်း ကျေးရွာလမ်းတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တီးတိန်မြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား တစ်ဦးသေဆုံး
ချင်းပြည်နယ် တီးတိန်မြို့၏ အနောက်ဘက် ၇ မိုင်ခန့်အကွာ လမ်းဇန်ကျေးရွာနှင့် မံဆွောင်း တံတားကြား မိုင်တိုင်အမှတ်(၇/၃)နှင့် (၇/၄)ကြားတွင် ယနေ့ နံနက် ၁၁ နာရီ   ၁၀ မိနစ် ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။
ဟိုင်းလပ် Surf  နှင့် အနောက်ပိုင်းတက္ကသိုလ်ကြိုပို့ယာဉ် မျက်နှာချင်းဆိုင် တိုက်မိ
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်း ပေါ်၌ ဟိုင်းလပ် Surf နှင့် အနောက်ပိုင်း တက္ကသိုလ်ကြိုပို့ယာဉ် တို့ မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့၌ ကားပေါ်မှ အင်ဂျင်တုံးအား ကရိန်းနှင့် ရွှေ့ပြောင်းစဉ် ဓါတ်ကြိုးနှင့် ထိမိ၍ လူတစ်ဦး ဓာတ်လိုက်သေဆုံး၊ သုံးဦးဒဏ်ရာရရှိ
မွန်ပြည်နယ် ဘီးလင်းမြို့၌ ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီခန့်က ကားပေါ်မှ အင်ဂျင်တုံးအား ကရိန်းယာဉ်ဖြင့် ရွှေ့ပြောင်းစဉ် ကရိန်းမောင်းတံမှာ မီးကြိုးနှင့် ထိမိ၍ ဓါတ်လိုက်ပြီး လူတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်၌   ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသား ၁၁ တန်ကျော် သိမ်းဆည်းရမိ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် အလယ်ကန် ကျေးရွာအနီး၊ တောအတွင်းမှ ကျွန်းသစ်လုံးများနှင့်အတူ တရားမဝင် သစ်ခွဲစက်တစ်လုံး ဖမ်းမိခဲ့ကြောင်း သိရသည်။
ရေကျော်ပေါ်တွင် လမ်းလုမောင်းရာမှ ဘိလပ်မြေအိတ်များ တင်ဆောင်ထားသည့် ၂၂ ဘီးတွဲယာဉ် တိမ်းမှောက်
မကွေးခရိုင် မြို့သစ်မြို့နယ် ပုလင်းကျေးရွာအနီးရှိ တောင်တွင်-မြို့သစ်သွားကားလမ်း ရေကျော်တွင် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ဘိလပ်မြေအိတ်များ တင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓာတ်ကြိုးပေါ်သို့ကျရောက်နေသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းနေစဉ် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး
ကျောက်ဖြူမြို့ တောင်ရင်းကျေးရွာ ဦးဖိုးဖြူနေအိမ်ရှေ့ အမြင့်ပေ ၂၀ ခန့်ရှိ ဓာတ်တိုင်ပေါ်တက်၍  ဓာတ်ကြိုးပေါ်သို့ ကျရောက်နေသော သရက်ကိုင်းများအား တက်ခုတ်သူ မြို့နယ်လျှပ်စစ်ဌာနမှ လျှပ်စစ်ကျွမ်းကျင်(၄)အဆင့်ရှိ ဝန်ထမ်းတစ်ဦး ယမန်နေ့ မွန်းလွဲပိုင်းက ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။