ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး  စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ဥပဒေကြမ်း ၁ ခု ဆွေးနွေးခြင်းနှင့် အဆို ၁ ခုဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ကြသည်။ 
ငါးမွေးမြူရေးကန်များ တရားမဝင် ဆက်လက်တူးဖော်နေမှုများကို လယ်ယာမြေ ဥပဒေ ပုဒ်မ ၂၀ အရ တားမြစ် အရေးယူသွားမည်
လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် မရှိဘဲ ငါးမွေးမြူရေးကန်များ တရားမဝင် ဆက်လက် တူးဖော်နေမှုများကို လယ်ယာမြေ ဥပဒေပုဒ်မ ၂၀ အရ လုပ်ထုံးလုပ်နည်းနှင့်အညီ တားမြစ်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အဖွဲ့ဝင်များ ဂျပန်နိုင်ငံအခြေစိုက် (အာရှဒေသ ပတ်ဝန်းကျင် ကောင်းမွန်ရေးနှင့် နည်းပညာ ပြန့်ပွားမှုအဖွဲ့) အားတွေ့ဆုံ
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသ ပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် နည်းပညာ ပြန့်ပွားမှုအဖွဲ့ (NPO Asia Environmental Technology Promotion Institute, NPO-AET ) အား ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်   (I-6) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ပလက်ဝမြို့နယ်အတွက် ကျောင်း ၂၆ ကျောင်းကို ဆောင်ရွက်ပေးရန် ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းပြောကြား
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း (တည်ဆောက်ရေး) လျာထားချက်များ ဆောင်ရွက်ရာတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွက် အခြေခံပညာကျောင်းပေါင်း ၂၆ ကျောင်းကို ဆောင်ရွက်ပေးရန် ထည့်သွင်းလျာထားပြီး ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး(၁၉)ရက်မြောက်နေ့ ကျင်းပ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြီး လမ်း၊ တံတားဆိုင်ရာ မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်း(၁)ခု လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
လစ်လပ်လျက်ရှိသော အဆိုပြုတင်သွင်းထားသည့် ဝန်ကြီးနှစ်ဦးအမည်စာရင်းအား ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့သို့ ရွေ့ဆိုင်း
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော ဝန်ကြီးနှစ်နေရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဆိုပြုထားတဲ့ ဝန်ကြီးနှစ်ဦး အမည်စာရင်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦးမှ
တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင် ၂၂၄ ဦး ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ
(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင် ၂၂၄ ဦးသည် ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာခဲ့ကြသည်။