ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးကျင်းပ
အခွန်အယူခံခုံအဖွဲ့ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်းပူးပေါင်း ကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယ ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပဋိညာဉ်ဖောက်ဖျက်ပြီး စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း မလုပ်တဲ့ကိစ္စတွေမှာ ပဋိညာဉ်အက်ဥပဒေအရ တိတိကျကျ လုပ်ကိုင်စေချင်တယ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
ပဋိညာဉ်ဖောက်ဖျက်ပြီး စာချုပ်ပါ စည်းမျဉ်း စည်းကမ်းအတိုင်း မလုပ်တဲ့ကိစ္စတွေမှာ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အသိပေးခြင်း၊ သတိပေးခြင်း ဆောင်ရွက်သလို ပဋိညာဉ် အက်ဥပဒေအရလည်း တိတိကျကျ လုပ်ကိုင်စေချင်တယ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။
မြေနေရာရရှိပါက မြောင်းမြမြို့နယ်တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဆောက်လုပ်ပေးသွားမည်
မြောင်းမြမြို့နယ်တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအား မြေနေရာ အမြန်ဆုံးရရှိပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေထည့်ကာ ဆောက်လုပ်ပေးသွားမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် သင်တန်းသူ အနည်းဆုံး ၅၀ ကနေ ၁၀ဝ ထိ သူနာပြုပဲ ခေါ်ယူသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
တိုင်းရင်းသားလူမျိုးများစာရင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး သဘောတူညီချက် ရရှိချိန်တွင် ထုတ်ပြန်သွားမည်
တိုင်းရင်းသား မျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံအသီးသီးအား သိရှိစေရန် မည်သို့စီစဉ် ဆောင်ရွက်ထားကြောင်း ယနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မက်မန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက မေးမြန်းခဲ့ပါတယ်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယအကြိမ် လွှတ်တော် (၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယအကြိမ် လွှတ်တော် (၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။