ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဟောင်း မြန်မာစာပေရေးရာဌာနကို နိုင်ငံတော်နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိစွာ ဆောင်ရွက်သွားမည်
မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ ရှေးဟောင်းမြန်မာစာပေ ရေးရာဌာနကို နိုင်ငံတော်နှင့် ကျောင်းသူ၊ ကျောင်းသားများအတွက် အကျိုးရှိစွာ ဆောင်ရွက်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။
မေးခွန်းများ မေးမြန်းရာတွင် တိတိကျကျ ရှင်းရှင်းလင်းလင်းဖြင့် ထိထိမိမိမေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌပြောကြား
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမေးမြန်းသော မေးခွန်းကို တိတိကျကျ ရှင်းရှင်းလင်း လင်းဖြင့် ထိထိမိမိမေးရန် လိုအပ်ကြောင်း ယနေ့ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး စတင်ကျင်းပစဉ် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတင်မောင်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သက်ပြည့်ပင်စင်အတွက် ကြိုတင်ပြင်ဆင်ခွင့်ကာလ လေးလခွင့်ပြုခြင်းသည် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းပြောကြား
နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ သင်ကြားရေးဝန်ထမ်း ဆရာ ဆရာမများသည် တခြားနိုင်ငံ့ဝန်ထမ်းများနည်းတူ စာမေးပွဲကာလတွင် သက်ပြည့်ပင်စင်အတွက် ကြိုတင်ပြင်ဆင်ခွင့်ကာလ လေးလခွင့်ပြုခြင်းသည် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးနဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်းများ မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ 
ပြည်သူ့စစ်ဌာနေ အဖွဲ့အစည်းများ ထပ်မံဖွဲ့စည်းရန် မလိုအပ်သေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ပြောကြား
တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ပြည်သူ့ဌာနေအဖွဲ့များ၊ ဒေသခံများနှင့် ပူးပေါင်းပြီး ဘူးသီးတောင်နှင့် မောင်တောဒေသတို့မှာ နယ်မြေလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ နယ်မြေဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့အပြင်