ထန်းတပင်မြို့နယ်၌ တောင်သူ ၁၅၀ အား ဆင်းသုခနှင့်ဧရာမင်း မျိုးကောင်းမျိုးသန့် စပါးမျိုးများ အား ဖြန့်ဝေပေးသွားမည်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ခုနှစ် မိုးစပါးသီးနှံများကို တောင်သူ များစိုက်ပျိုးရာတွင် အရည်အသွေးကောင်းမွန်သည့် သီးနှံများအထွက်တိုးရေး၊ သီးနှံဝင်ငွေတိုးပွား လာစေရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက်  မှော်ဘီဗဟိုခြံ မှ ရရှိလာသည့် မှတ်ပုံတင် မျိုးကောင်းမျိုးသန့်ဖြစ်သည့် ဆင်းသုခ(၄၉၈)တင်းနှင့်ဧရာမင်း(၂၂၅)တင်း စပါးမျိုးစေ့များကို ကျေးရွာအုပ်စု (၁၆)အုပ်စုရှိ တောင်သူ(၁၅၀)တို့လက်ဝယ်အရောက် ဖြန့်ဝေဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရ
အတည်ပြုပိုးတွေ့လူနာ Case-150  တည်းခိုသည့် အခန်း၌ တည်းခိုမိသည့် မြောင်းမြသားတစ်ဦး ဆေးစစ်မှုအရ ပိုးမတွေ့ကြောင်းသိရ
Case 150 တည်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးမြို့မှ တည်းခိုခန်းတစ်ခု၏ အခန်းတစ်ခု၌  ထပ်မံတည်းခို မိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့ ဒေသခံအမျိုးသားတစ်ဦးသည်  Case 150 နဲ့ (close contact )ထိတွေ့မိသူ စာရင်းဝင်သွားသည့်အတွက် မြို့နယ်အတွင်း၌ ရှာဖွေခေါ်ယူပြီး စွမ်းအားတောရ  Facility Quarantine တွင် စောင့်ရှောက်ထားရှိကာ တို့ဖတ်နမူနာများရယူ၍ အမျိုးသား ဓါတ်ခွဲဌာန NHL သို့ပို့ဆောင်ပေးထားရာ ယမန်နေ့နံနက်က ပိုးမတွေ့ရှိရ (Negative) ဖြစ်ကြောင်း သိရ
ဟိုပုံးမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် (Abate)အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် (Abate) အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မေလ(၉)ရက် နံနက်(၇)နာရီမှစတင်၍ မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်  ဆောင်ရွက်ခဲ့ကြောင်း သိရ
ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး အသင်းစုဖွဲ့ထားရှိ
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တာဝန်ခံမီးသတ်ဦးစီးမှူး တပ်ကြပ်ကြီး ဇော်မင်းသိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်၍ တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ ထားရှိကြောင်း အဆိုပါ စဉ့်ကူနယ်မြေ မီးသတ်စခန်းမှ တာဝန်ခံမီးသတ်ဦးစီးမှူး တပ်ကြပ်ကြီးဇော်မင်းသိန်း ထံမှ သိရ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ စက်ရုံ အလုပ်ရုံ များတွင် ကိုဗစ်-၁၉ အသိပညာပေး ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး ဦးဆောင်သော အသိပညာပေး၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီအဖွဲ့သည် မေလ(၉) ရက်နေ့ နံနက်(၈)နာရီက ပဲခူးမြို့စက်မှုဇုန် အတွင်းရှိ မြန်စတား အထည်ချုပ်စက်ရုံသို့သွားရောက်၍ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ
လယ်ယာမြေဧက ၉၀ဝ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း နှင့် တံတားလေးစင်း တည်ဆောက်
ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင် ပေါင်းတည် မြို့နယ် အင်းကြီးကျေးရွာတွင် လယ်ယာမြေ ဧက ၉၀ဝ ကျော်မှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက် ကုန်ထုတ်လမ်းနှင့် ယင်းကုန်ထုတ်လမ်းပေါ်တွင် တံတားလေးစင်း တည်ဆောက်နေကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံဖြင့် ပြည်နယ်လွှတ်တော် (၁၉)ကြိမ်‌မြောက် ပုံမှန်အစည်းအဝေးကို ယခုလ(၁၈)ရက်နေ့တွင် ကျင်းပသွားမည်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံဖြင့် (၁၉)ကြိမ်မြောက် ပုံမှန်အစည်း အဝေးကို ယခုလ (၁၈)ရက်နေ့တွင် ပြန်လည်ကျင်းပသွားမည်ဟု ပြည်နယ်လွှတ်တော်ရုံးမှ သိရှိရ