Latest News
နောက်ဆုံးရသတင်းများ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
14/07/19
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်္ဂလာဒုံမြို့နယ်၌ အသက်(၂၀)ခန့်စီဝန်းကျင်ရှိ အလောင်း ၃ လောင်းတွေ့ရှိ
14/07/19
ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ လှော်ကား မောင်းတံဂိတ်၏ တောင်ဘက် ၂ ဖာလုံခန့်အကွာ လှော်ကားလမ်းဘေး၌ အမည်/နေရပ်/ မိသားစု (စိစစ်ဆဲ) အသက်(၂၀)ခန့်စီဝန်းကျင်ရှိ အလောင်း ၃ လောင်း (အမျိုးသား ၂၊ အမျိုးသမီး ၁) တွေ့ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ငွေကျပ် ၁၉၂ သိန်းကျော်တန်ဖိုးရှိ ခြင်ဆေးဖျန်းစက် ခုနစ်လုံးလှူဒါန်း
14/07/19
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မီးလင်းရေးကော်မတီက ငွေကျပ် ၁၉၂၅၀ဝ၀ဝ ခန့်တန်ဖိုးရှိ ခြင်ဆေးဖျန်းစက် ခုနစ်လုံးအား ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီသို့ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်က ဆန်ဆိုင်းအခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖားကန့်၌ ကျောက်စိမ်းလုပ်ကွက် မြေကမ်းပါးယံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူငါးဦး ရေကန်အတွင်း ပြုတ်ကျ၊ တစ်ဦးကယ်တင်ရရှိ
14/07/19
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဗလခကျေးရွာအနီး ကျောက်မျက်တူးဖော်ရေး ရပ်နားထားသည့်လုပ်ကွက်တွင် ဇူလိုင် ၁၃ ရက်က ရေကန်အတွင်း မြေကမ်းပါးယံပြိုကျခဲ့၍ ရေမဆေးကျောက်ရှာဖွေသူငါးဦး ရေကန်အတွင်းပြုတ်ကျခဲ့ပြီး တစ်ဦးကိုသာ ရှာဖွေကယ်ဆယ်နိုင်သေးကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဗောဓိတထောင် ဆင်စခန်း တက်ရောက်ဖွင့်လှစ်
14/07/19
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍
ပုလဲမြို့၌ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ အတွေးပန်းချီ၊ မြန်မာစကားပုံဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ
14/07/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)နှင့် အခြေခံပညာ အထက်တန်းကျောင်း၌ ဇူလိုင် ၁၄ ရက်၊ နံနက် ၁၀ နာရီက
မြဝတီမြို့၌ (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ
14/07/19
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေ့စဉ်မြစ်ရေ ခန့်မှန်းချက်များ
14/07/19
နေပြည်တော် ၁၄ ဇူလိုင်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေ ခန့်မှန်းချက်များမှာ ဖော်ပြပါအတိုင်းဖြစ်သည် -