Latest News
နောက်ဆုံးရသတင်းများ
ထန်းပင်ကန်ကျေးရွာတွင် မိုးကောင်း၍ ဆယ်နှစ်တာကာလအတွင်း နှမ်းအကောင်းဆုံး ဖြစ်ထွန်း
14/07/19
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ထန်းပင်ကန်အုပ်စု ထန်းပင်ကန်ကျေးရွာတွင် မိုးကောင်းစွာရွာသွန်းခဲ့၍ ဆယ်နှစ်တာကာလအတွင်း ယခုနှစ်၌ နှမ်းအကောင်းဖြစ်ထွန်းခဲ့တယ်လို့ ဒေသခံတောင်သူများထံမှ သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်မည့် ဆုလာဘ်ပြည့်အရပ်ရှစ်မျက်နှာ စေတီတော်တွင် တပ်မတော်သားများနှင့် ဒေသခံပြည်သူများ လုပ်အားဒါနကုသိုလ်ပါဝင်
14/07/19
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက် ဉာဏဂုဏ်ရည်စာသင်တိုက်အတွင်း တည်ထားကိုးကွယ်မည့် ဆုလာဘ်ပြည့်အရပ်ရှစ်မျက်နှာ စေတီတော်ကြီးတည်ဆောက်ရာတွင် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် တပ်မတော်သားများနှင့် ဒေသခံပြည်သူများသည် လုပ်အားဒါန ကုသိုလ်ပါဝင်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၁၉) အစည်းအဝေးနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ
14/07/19
ချင်းပြည်နယ် အစိုးရအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းရှင်များပူးပေါင်း၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၁၉) အစည်းအဝေးနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်အမှာစကား ပြောကြားသည်။
ကျောက်တံခါးမြို့နယ်တွင် တစ်ရက်တည်း ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
14/07/19
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းနယ်မြေရဲစခန်းအပိုင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမိုင်တိုင်အမှတ် ၉၉/၁ နှင့် ၂ အကြားအနီး အနောက်ဘက် ၂ ဖာလုံခန့်အကွာ ကြက်ချောင်းထဲ၌ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက လေးတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။
ဗန်းမော်၌ ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်း
14/07/19
ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများ၌ ခေတ္တခိုလှုံနေကြသော မိသားစုဝင်များထံသို့ အစားအစာများကို လက်ဝယ်အရောက် ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီတွင် ပေးအပ်လှူဒါန်းခဲ့သည်။
ကံမမြို့နယ်တွင် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
14/07/19
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ စည်ပင်သာယာမြို့မဈေးတွင် ယနေ့နံနက်က မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေး ဈေးရောင်းဈေးဝယ်များအား ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူများသုံးစွဲရန် အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားမှုမရှိစေရေး ငပုတောမြို့၌ အကောင်အထည်ဖော်နေ
14/07/19
ရာသီတုပ်ကွေးရောဂါသည် နှစ်စဉ်မိုးရာသီနှင့် ဆောင်းရာသီ အကူးအပြောင်းကာလများတွင် ဖြစ်ပွားမှုများပြားလျက်ရှိပြီး ယခုနှစ်တွင်ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေးရောဂါ H1 N1 သည် ကမ္ဘာ့နိုင်ငံများတွင်လည်း နှစ်စဉ်ဆက်လက်ကူးစက် ပြန့်ပွားလျက်ရှိသည်။
မြောက်ဦးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်
14/07/19
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ ရေကြီးရေလျှံမှုသည် ဇူလိုင် ၁၂ ရက်မှ ယနေ့အထိ ရေကြီးနစ်မြုပ်လျက်ရှိရာ
မြစ်ရေအခြေအနေမှာ ဗန်းမော်၊ ရွှေကူ၊ ခန္တီး၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်လျက်ရှိ
14/07/19
နေပြည်တော် ၁၄ ဇူလိုင်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၆ နာရီခွဲတွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကို ထုတ်ပြန်ရာ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် စိုးရိမ်ရေအမှတ်ထက် ၁၉ စင်တီမီတာ ကျော်လွန်နေပြီး ရွှေကူမြို့တွင် စိုးရိမ်ရေအမှတ်ထက် ၂၆ စင်တီမီတာ ကျော်လွန်နေသည်။
ယနေ့ ၉ နာရီခွဲတွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေ
14/07/19
နေပြည်တော် ၁၄ ဇူလိုင်
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့ ၉ နာရီခွဲတွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများမှာ ဖော်ပြပါအတိုင်းဖြစ်သည် -