Latest News

နောက်ဆုံးရသတင်းများ

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွက် ဂုဏ်ယူဝမ်းသာမှု စကားသံများ

တွေ့ဆုံ မေးမြန်းခန်း

13/07/19

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးက ဇူလိုင်၆ ရက်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

ပူတာအိုခရိုင်အတွင်း မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်နံရံမြေပြိုခြင်းနှင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်

ပြည်တွင်း

12/07/19

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ယခုလရက်ပိုင်းအတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် တောင်နံရံမြေပြိုခြင်းနှင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မော်ဟန်-လွယ်ခမ်းတောင် အန္တရာယ်ကွေ့ ကွန်ကရစ်လမ်း ခင်းကျင်းနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ပြည်တွင်း

12/07/19

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်-လွယ်ခမ်းတောင် အန္တရာယ်ကွေ့တွင် အဆိုပါ လမ်းပိုင်းအား ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက်နိုင်ရေးအတွက်  ဇူလိုင် ၁၂ ရက် ညနေ ၄ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည် ။

မြစ်ကြီးနား၌ ရေဘေးသင့်အိမ်ထောင်စု(၂၇၉)စုအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်

ပြည်တွင်း

12/07/19

မြစ်ကြီးနား ၁၂ ဇူလိုင်

ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာဂျေကော့ဘူနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၁ ရက်က မြစ်ကြီးနားမြို့တွင် ယာယီဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းများသို့သွားရောက်ကာ လိုအပ်သည့် ထောက်ပံ့ကူညီရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများရွေးကောက်ပွဲဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကျင်းပ

ပြည်တွင်း

12/07/19

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီတွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

ပြည်တွင်း

12/07/19

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းသား/သမီးများနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ကြားလျက်ရှိကြသည့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားအား ယနေ့မွန်းလွဲ (၃)နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၏ဇနီး ဒေါ်နီလာလှိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆုရကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

ဆွမ်းဦးပုညရှင်စေတီတော်ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာအပါး ၇၀ဝ အား ဆွမ်းကြီးလောင်းလှူမည်

ပြည်တွင်း

12/07/19

စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားစဉ်ပွဲများ၏ ပထမဆုံးပွဲဖြစ်သော သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော်၏ ယခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာအပါး (၇၀ဝ)အား ဆွမ်းကြီးလောင်းလှူသွား မည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံက သိရသည်။

အဖတ်များဆုံး သတင်း