Latest News

နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့အဝင်၌ မော်တော်ယာဉ်ဖြင့် တရားမဝင်  တင်ဆောင်လာသည့်  ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိ

မှုခင်း

12/07/19

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဝင် မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုကားလမ်းမပေါ်ရှိ မော်ဖောင်း ကျေးရွာအနီးတွင် ဇူလိုင် ၁၁ ရက် မွန်းလွဲ ၁ နာရီက မော်တော်ယာဉ်ဖြင့် တရားမဝင် တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေး

ပြည်တွင်း

12/07/19

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အထက်ပိုင်းနှင့် မြို့နယ်အချို့တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင်နှင့် ပူတာအိုခရိုင်အတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ မြစ်ကြီးနားမြို့ပေါ်  ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကွင်းဆင်း စစ်ဆေးကြသည်။

တာချီလိတ်နယ်စပ်မှ နိုင်ငံခြားသားခရီးသွားဧည့်သည်များ တစ်ပတ်အတွင်း ၂၂၉၀ဝ ကျော် ဝင်ရောက်လည်ပတ်

ယဉ်ကျေးမှုနှင့် ခရီးသွား

12/07/19

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ်လျက်ရှိရာ ဇူလိုင်လ ၅ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၂၉၅၂ ဦးဝင်ရောက် လည်ပတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ၆၄၁၈၁၃ ဦး ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။ 

ကျောက်ပန်းတောင်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ထရန်စဖော်မာများ အဆင့်မြှင့်တပ်ဆင် 

ပြည်တွင်း

12/07/19

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ လျှပ်စစ်ဓာတ်အား လုံလောက်စွာ အသုံးပြုနိုင်ရန်အတွက်၊ အဆင့်မြင့် ထရန်စဖော်မာ အစားထိုး တပ်ဆင်ခြင်းလုပ်ငန်းများကို ဇူလိုင် (၁၀)ရက် နံနက်(ဝ၀)နာရီက စတင်ဆောင်ရွက်ခဲ့ရာ ဇူလိုင်(၁၁)ရက်နေ့၊ ည ၈ နာရီ ၄၅ မိနစ်တွင် တပ်ဆင်မှုလုပ်ငန်း များပြီးစီးခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

မှုခင်း

12/07/19

နေပြည်တော် ၁၂  ဇူလိုင်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်အရ ဇူလိုင် ၈ ရက်မှ ၁၁ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၁၉ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ပြည်တွင်း

12/07/19

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၁၉ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သာသနာ့မဟာဗိမာန်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

ပြည်တွင်း

12/07/19

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲကို ယနေ့ နံနက်က ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ကျင်းပသည်။

အဖတ်များဆုံး သတင်း