Latest News
နောက်ဆုံးရသတင်းများ
MNL ပွဲစဉ် (၁၅) တွင် ရန်ကုန်နှင့် ရတနာပုံ ထိပ်တိုက်တွေ့ဆုံ
04/07/19
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၅) ကို ဇူလိုင် ၆၊ ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အစဉ်အလာရှိသည့်ပြိုင်ဘက်များဖြစ်သော လက်ရှိချန်ပီယံ ရန်ကုန်နှင့် ရတနာပုံအသင်းတို့ ထိပ်တိုက် တွေ့ဆုံလျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Daniel Patrick Chugg အား လက်ခံတွေ့ဆုံ
04/07/19
နေပြည်တော် ၄ ဇူလိုင်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Daniel Patrick Chugg နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေး နှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း အဆင့် (၇) နေရာလုပွဲ ကစားရမည်
04/07/19
တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲ အဆင့်လုပွဲများကို ယနေ့ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် အဆင့် (၇) နေရာလုပွဲသာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ချောင်းသာမြို့ ဥတိုချောင်းအနီးတောထဲမှ လသားအရွယ် ဆင်ပေါက်လေးကို ဒဏ်ရာများဖြင့်တွေ့ရှိ
04/07/19
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ ဥတိုချောင်းအနီး တောတွင်း၌ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းက ဆင်ပေါက်လေးတစ်ကောင် ရှေ့လက်တွင် ကြိုးစွပ်ဒဏ်ရာဖြင့် တွေ့ရှိရကြောင်း သတင်းရရှိခဲ့သဖြင့် ဆင်ဆရာဝန်၊ မြို့အုပ်ချုပ်ရေးမှူး၊မြန်မာသစ်လုပ်ငန်း၊ သစ်တောဝန်ထမ်းများ၊ သစ်တော ရဲတပ်ဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့ဝင်တို့ပူးပေါင်းပါ ဝင်သောအဖွဲ့ဖြင့် တောနင်းရှာဖွေခဲ့ရာ ယင်းနေ့မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်ခန့်၌ ဥတိုချောင်းနံဘေးတွင် တွေ့ရှိဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း ရန်ကုန်- မကွေး- ရန်ကုန် ခရီးစဉ် တစ်ပတ်နှစ်ကြိမ် ပျံသန်းပြေးဆွဲမည်
04/07/19
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လက်ရှိပျံသန်းနေသော ပြည်တွင်းခရီးစဉ် တစ်ခုဖြစ်သော ရန်ကုန်-မကွေး-ရန်ကုန် လေကြောင်းလိုင်းအား ဇူလိုင် ၁၂ ရက်နေ့မှစ၍ အပတ်စဉ်အင်္ဂါ နှင့် သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်
04/07/19
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့ ည(၇:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။
မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တရုတ်နိုင်ငံသို့ ခြောက်နှစ်အတွင်း သဘာဝဓာတ်ငွေ့ ၂၂ ဒသမ ၁ ဘီလီယံ ကုဗမီတာ ပို့လွှတ်ထား
04/07/19
မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တရုတ်နိုင်ငံသို့ ခြောက်နှစ်အတွင်း သဘာဝဓာတ်ငွေ့ ၂၂ ဒသမ ၁ ဘီလီယံ ကုဗမီတာ ပို့လွှတ်ထားပြီ ဖြစ်ကြောင်း SEAGP နှင့် SEAOP ကုမ္ပဏီမှ သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်းအခမ်းအနားကျင်းပ
04/07/19
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း (၅/၂၀၁၉)အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ်(၂၇)၌ ကျင်းပသည်။
အသက် (၅) နှစ်အောက်ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးပေးနိုင်ရေး ဆွေးနွေးပွဲ ကျင်းပ
04/07/19
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၅)နှစ်အောက်ကလေးများ ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီခွဲ အချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။