Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီး Mr. Daniel Patrick Chugg နှင့်အဖွဲ့အားတွေ့ဆုံ
04/07/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Daniel Patrick Chugg နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးဌာန ၊မေခလာခန်းမ၌ လာရောက် တွေ့ဆုံသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲကျင်းပ
04/07/19
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပသည်။
မြို့နယ်ပညာရေးမှူး ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
04/07/19
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး ပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ် မြို့နယ်ပညာရေးမှူးဖလား၊ အသက်(၁၄)နှစ်အောက်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် လူနေအိမ်အချို့ပျက်စီး
04/07/19
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဇူလိုင် ၄ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် လူနေအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဝါးတန်း-ဒလ ဇက်ရေယာဉ်မှ တစ်ရက်လျှင် ကျပ်(၁၅)သိန်းကျော် ဌာနအတွက် ဝင်ငွေရရှိလျက်ရှိ
04/07/19
ရန်ကုန် ၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
04/07/19
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဇူလိုင်- ၁ ရက်မှ ၃ ရက်အတွင်း သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်း တရားမဝင်ပိတောက်/ ကညင်/ကတွက်ခွဲသား ၊ (၅၈ ဒသမ ဝ၀၉၄) တန် ကျူးလွန်သူ(၂)ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။
ဆီဆိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
04/07/19
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများမှ