Latest News

နောက်ဆုံးရသတင်းများ

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်   ဝှူရှူးပြိုင်ပွဲတွင် အားကစားသမား၂၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်  

အားကစား

02/07/19

မြန်မာနိုင်ငံဝှူရှူးအဖွဲ့ချုပ်မှ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဝှူရှူးပြိုင်ပွဲကို ဇွန် ၃၀ ရက်မှ ဇူလိုင် ၁ ရက်အထိ ရန်ကုန်မြို့အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ဝှူရှူး လေ့ကျင့်ရေးခန်မ၌ ကျင်းပခဲ့ရာ အားကစားသမား ၂၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ထားဝယ်မြို့၌ ခြေစမ်းပွဲကစား

အားကစား

02/07/19

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြည်တွင်းခြေစမ်းခရီးစဉ် သွားရောက်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့ညနေပိုင်း ထားဝယ်မြို့၌ ခြေစမ်းပွဲစတင်ယှဉ်ပြိုင်ကစားခဲ့သည်။

ဗီယက်နမ်နိုင်ငံနှင့် စင်ကာပူနိုင်ငံ၌ကျင်းပမည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်

အားကစား

02/07/19

၂၀၁၉ ခုနှစ် ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ  ဗီယက်နမ်နိုင်ငံ KM CAM RANH Golf Links (KHANH HOA) ၌ ကျင်းပမည့်  15th VIETNAM AMATEUR OPEN 2019 (VAO) ပြိုင်ပွဲနှင့် 8th VIETNAM LADIES AMATEUR OPEN 2019 (VLAO) ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက် ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ-တရုတ်ကုန်ပစ္စည်းမိတ်ဆက်ရောင်းချပွဲဖွင့်ပွဲ ကျင်းပ

ပြည်တွင်း

02/07/19

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကွင်းမင် ကွင်းမန် မဲခေါင်စီးပွားရေးလုပ်ငန်းတို့မှ ပူးတွဲကျင်းပသော မြန်မာ-တရုတ် ကုန်ပစ္စည်းမိတ်ဆက်ရောင်းချ ပွဲပြပွဲ၊ ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကမ္ဘောဇကုန်သွယ်မှု ဗဟိုဌာနခန်းမဆောင်၌ ကျင်းပခဲ့သည်။

H1N1 ကြောင့် သေဆုံးမှုရှိသော်လည်း တောင်ပြုံးပွဲတော် ကျင်းပမည်

ပြည်တွင်း

02/07/19

မြန်မာနိုင်ငံ၏ အချိူ့နေရာများတွင် H1N1 ဖြစ်ပွားသော်လည်း မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော တောင်ပြုံးပွဲတော်အား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော် ထံက သိရသည်။

မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မှုခင်း

02/07/19

နေပြည်တော် ၂ ဇူလိုင် 

မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ မော်တော်ယာဉ်ရပ်နားစခန်းဝင်းအတွင်းတွင် မလှမြိုင် အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ၊ ဘိန်းဖြူ ၄၄၀ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကယားပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေး 

ပြည်တွင်း

02/07/19

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကယားပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊  ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။    

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် တွေ့ဆုံ

ပြည်တွင်း

02/07/19

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ တွေ့ဆုံသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်နှင့် အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညိုတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

ပြည်တွင်း

02/07/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်နှင့် အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညိုတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မရဲစခန်းတွင် ဇူလိုင် ၂ ရက်၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရွှေတိဂုံစေတီတော် ၅၇၃ ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပ

ပြည်တွင်း

02/07/19

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ၅၇၃ ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော် ရင်ပြင်တော် တောင်ဘက်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။