Latest News

နောက်ဆုံးရသတင်းများ

မင်းလှမြို့တွင် မေထုန်မဲ့ သားစပ်သင်တန်း ဖွင့်လှစ်

ပြည်တွင်း

02/07/19

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မေထုန်မဲ့ သားစပ်သင်တန်းဖွင့်ပွဲကို -----------

စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာ

အလှအပနှင့်ကျန်းမာရေး

02/07/19

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်လျက်ရှိသည်။

ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် စက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချ

ပြည်တွင်း

02/07/19

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်ပွဲကို ဇူလိုင် ၁ ရက် နံနက်ပိုင်းက သာယာဝတီမြို့နယ် လက်ပံတုန်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

မန္တလေး မဟာမုနိရုပ်ရှင်တော်တွင် နိုင်ငံခြားသား ခရီးသွားများအား ဝင်ကြေးစတင်ကောက်ခံ

ပြည်တွင်း

02/07/19

မန္တလေး မဟာမုနိရုပ်ရှင်တော်တွင် နိုင်ငံခြားသား ခရီးသွားများအား ဝင်ကြေးကောက်ခံမှုကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကောက်ခံခဲ့ကြောင်း မဟာမုနိရုပ်ရှင်တော်ဂေါပက အဖွဲ့မှ သိရသည်။

ငပုတော-မြောင်းမြ ကားလမ်းအား ယာဉ်နှင့် ကုန် ၁၀ တန်အထိ တင်ဆောင်နိုင်သော ကားများသာ ဖြတ်သန်းသွားလာခွင့်ပြု

ပြည်တွင်း

02/07/19

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငပုတောမြို့နှင့် မြောင်းမြမြို့သို့ ဆက်သွယ်ထားသည့် ငပုတော-မြောင်းမြ ကားလမ်းအား မိုးရာသီကာလအတွင်း ကားကြီးများ ဖြတ်သန်းသွားလာခြင်းကြောင့် လမ်းများပျက်စီးမှုမဖြစ်ပေါ်စေရန်နှင့် လမ်းများ ရေရှည်အသုံးပြုနိုင်စေရန်အတွက် ယာဉ်နှင့် ကုန် ၁၀ တန်အထိ တင်ဆောင်နိုင်သော ကားများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း ငပုတောမြို့နယ် လမ်းဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အသိပညာပေးဟောပြောခြင်းနှင့် (OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်တွင်း

02/07/19

ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့်ဆက်စပ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရုံးဌာနများ၏ လုပ်ငန်းများ ပြည်သူများ သိရှိနိုင်ရေးတို့အတွက် ကနီမြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) အစီအစဉ်ဖြင့် ကနီမြို့နယ် သလင်းကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီက  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြို့နယ်လုံးကျွတ် အသက်(၅)နှစ်အောက် ကလေးများ ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပြည်တွင်း

02/07/19

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်လုံးကျွတ် အသက်(၅)နှစ်အောက် ကလေးများ ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း  မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်၊ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

ယဉ်ကျေးမှုနှင့် ခရီးသွား

02/07/19

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ပြည်တွင်းရှိ  အပျော်စီးသင်္ဘောများဖြင့် လည်းကောင်း လည်ပတ်လျက်ရှိသည်။ 

တာချီလိတ်မြို့နယ်တွင် ရော်ဘာစိုက်ပျိုးထိန်းသိမ်းခြင်း၊ (Rainguard) အစေးလှီးခြင်းသင်တန်းနှင့် ကွင်းလက်တွေ့သရုပ်ပြပွဲ ကျင်းပ

ပြည်တွင်း

02/07/19

၂၀၁၈-၂၀၁၉ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ(ရုံးချုပ်) နေပြည်တော်မှ ကြီးမှူးကျင်းပသော ရော်ဘာစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် ကွင်းလက်တွေ့သရုပ်ပြပွဲကို ဇူလိုင် ၁ ရက်တွင် တာချီလိတ်ခရိုင် ဦးစီးမှူးရုံးရှိ တောင်သူပညာပေး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မအူပင်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် လူဦးရေစာရင်း ကောက်ယူရေးအတွက် တာဝန်ပေးအပ်

ပြည်တွင်း

02/07/19

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် လူဦးရေစာရင်း မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေးအတွက် ------