Latest News

နောက်ဆုံးရသတင်းများ

မင်းဘူး(စကု)မြို့နယ်၊ ခန်ကုန်းကျေးရွာအုပ်စုတွင် ရာသီတုပ်ကွေးဖျား ကျောင်းသားကျောင်းသူ (၄၈) ဦးအား ဆေးဝါးကုသမှုများ ပြုလုပ်ပေး

ပြည်တွင်း

02/07/19

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ခန်ကုန်းကျေးရွာ အလက(ခွဲ)ကျောင်းတွင် ရာသီတုပ်ကွေးဖျား ကျောင်းသားကျောင်းသူ(၄၈)အား ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ (မန္တလေး)ဖွင့်ပွဲကျင်းပ

ပြည်တွင်း

02/07/19

တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂၀၁၉ (မန္တလေး) The Third International Education Fair Myanmar 2019 (Mandalay) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ Hotel Mandalay တွင် ကျင်းပသည်။

အင်းတော်မြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်

မှုခင်း

02/07/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာ အနီးတွင် ယနေ့နံနက်ပိုင်းက ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ကွင်း၌ စိုက်ပျိုးရေးအသိပညာပေး ဟောပြောခြင်းနှင့် ကောက်စိုက်စက်ဖြင့် သရုပ်ပြသစိုက်ပျိုးပွဲကျင်းပ

ပြည်တွင်း

02/07/19

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ကွင်း၌  ဇူလိုင် ၂ ရက် နံနက် ၈ နာရီက ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းနှင့် တောင်သူအသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခြင်စားငါးစိုက်ထည့်ပေးအပ်ပွဲ တွံတေး၌ပြုလုပ်

ပြည်တွင်း

02/07/19

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်းနှင်းရေးအတွက် ခြင်စားငါး(ဒေါင်းငါး) စိုက်ထည့်ရန်ပေးအပ်ပွဲကို ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ရုံးခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ပြည်တွင်း

02/07/19

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ ဇူလိုင် (၃) ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ----------

ပူတာအိုမြို့တွင် ဒေသငါးမျိုး တိုပွားရေး အအေးပိုင်းဒေသ ငါးကျောက်ငါးလူးများ စမ်းသပ်သားဖောက်

ပြည်တွင်း

02/07/19

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အအေးပိုင်းဒေသ ငါးမျိုးများ မျိုးတုန်းပျောက်ကွယ်မည့်အန္တရာယ် ကာကွယ်ထိန်းသိမ်းရေးနှင့် ငါးမျိုးတိုးပွားမှုနှုန်း တိုးတက်မြင့်မားလာစေရေး ငါးလုပ်ငန်းဦးစီးဌာနက အောက်ဆန်ဂေါင်ကျေးရွာရှိ ငါးလုပ်ငန်းစခန်း၌ဒေသငါးမျိုးဖြစ်သော ကျောက်ငါးလူးများ သားပေါက်ဖောက်လုပ်ထားကြောင်း ဇူလိုင် ၂ ရက်က ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးထံမှ သိရသည်။

မူဆယ်-မန္တလေး ရထားလမ်းပိုင်း ဖြစ်နိုင်စွမ်းလေ့လာခြင်းအတွက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲအခမ်းအနား မူဆယ်မြို့တွင် ကျင်းပ

ပြည်တွင်း

02/07/19

မူဆယ်-မန္တလေး ရထားလမ်းပိုင်း ဖြစ်နိုင်စွမ်းလေ့လာခြင်း (Feasibility Study) အတွက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment-EIA) ဆိုင်ရာ လူထုတွေ့ဆုံပွဲ အခမ်းအနားကို -----

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား/အမျိုးသမီး (၂)ယောက်တွဲ ပြိုင်ပွဲများကျင်းပ

အားကစား

02/07/19

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇွန်လအတွင်း မိုးကြိုးပစ်ခတ်မှုကြောင့် (၂)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရ

မှုခင်း

02/07/19

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ဇွန်လအတွင်းက မိုးကြိုးပတ်ခတ်မှုကြောင့် (၂)ဦးသေဆုံးခဲ့ပြီး (၁)ဦး ဒဏ်ရာရရှိခဲ့ခြင်းကြောင်း------