Latest News
နောက်ဆုံးရသတင်းများ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား
26/06/19
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း
26/06/19
ဒီနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နဲ့ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများနဲ့ စစ်သံမှူးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
26/06/19
နေပြည်တော် ၂၆ ဇွန်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr.Steve Marshall နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
26/06/19
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr.Steve Marshall နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
26/06/19
မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၄ ရက် ည ၁၁ နာရီခွဲက မိုးညှင်းမြို့နယ်၊ မော်ဟန်-နမ္မချီမှော်ကားလမ်းတွင် ထွန်းထွန်းဝင်း မောင်းနှင်ပြီး မချိုထွေး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀ဝ သိမ်းဆည်းရမိခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပညာရေးမိသားစုများနှင့်တွေ့ဆုံ
26/06/19
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အခြေခံပညာရေးမိသားစုများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ကျိုင်းတုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
“အမျိုးသားမြို့ပြမူဝါဒရေးဆွဲရေးကော်မတီ” ဖွဲ့စည်းနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
26/06/19
နေပြည်တော် ၂၆ ဇွန်
မြန်မာနိုင်ငံ၏ အမျိုးသားမြို့ပြမူဝါဒရေးဆွဲ ဆောင်ရွက်ရန်အတွက် အမျိုးသား မြို့ပြမူဝါဒ ရေးဆွဲရေးကော်မတီ (National Urban Committee – NUC) ဖွဲ့စည်းနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။
(၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးများရုံးကို အခမဲ့ဖွင့်လှစ်ပေးမည်
26/06/19
ရန်ကုန် ၂၆ ဇွန်
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် Policy Alternative Research Institute (PARI) မှ အစီအစဉ်အထောက်အကူပြု ပါမောက္ခ Mr. Kensuke Yamaguchi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
26/06/19
နေပြည်တော် ၂၆ ဇွန်
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် Policy Alternative Research Institute (PARI) မှ အစီအစဉ်အထောက်အကူပြု ပါမောက္ခ Mr. Kensuke Yamaguchi နှင့်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား လက်ခံတွေ့ဆုံ
26/06/19
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဖတ်များဆုံး သတင်း
- 15/Jun/2026