Latest News

နောက်ဆုံးရသတင်းများ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေ အားကောင်းနေ

မိုးလေဝသ

20/06/19

၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့ ည(၇:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေ အားကောင်းနေပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၉ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၃၄)ပါး၊ သီလရှင်ဆရာကြီး (၂)ပါး၊ သာသနာနုဂ္ဂဟဘွဲ့ရ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁၂)ဦးတို့အား ထပ်ဆင့်ပူဇော်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

ပြည်တွင်း

20/06/19

မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၉ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး(၃၄)ပါး၊ သီလရှင်ဆရာကြီး(၂)ပါး၊ သာသနာ နုဂ္ဂဟဘွဲ့ရအမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁၂)ဦးတို့အား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂လမ်း၊ ၁၂ လမ်းနှင့် ၁၄ လမ်းကြားရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော် ကြီးတွင် ယနေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။

အာရှ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသားခြေစစ်ပွဲ အုပ်စုပွဲများကို သုဝဏ္ဏကွင်း၌ ကျင်းပမည်

အားကစား

20/06/19

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ နှင့် အာရှ ယူ-၁၆ အမျိုးသားခြေစစ်ပွဲ အုပ်စုပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်နှင့် လက်ရှိချန်ပီယံ ရန်ကုန် ထိပ်တိုက်တွေ့ဆုံနေသည့် MNL ပွဲစဉ် (၁၃)

အားကစား

20/06/19

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၃)ကို ယခုတစ်ပတ် စနေ၊ တနင်္ဂနွေနေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ ရှမ်းယူနိုက်တက်နှင့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

“လောဘနွံ” ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ

ဖျော်ဖြေရေး

20/06/19

ဖားကန့်မြေတွင် မေခရုပ်ရှင်ထုတ်လုပ်ရေးမှ ပထမဆုံး ရိုက်ကူးထုတ်လုပ်သည့် “လောဘနွံ” ရုပ်ရှင်ဇာတ်ကား Red Carpet Show အထူးပွဲကို ဇွန် ၁၉ ရက် ည ၇ နာရီက ရန်ကုန်မြို့ Junction City ရှိ JCGV အဆင့်မြင့် ရုပ်ရှင်ရုံတွင် ပြသခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  (အောက်တိုဘာလ မှ မေလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၂၃၄၉၁)  သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ (၄၆၄) သန်း ပိုမိုခဲ့

ပြည်တွင်း

20/06/19

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ မေလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၁၃၀၆) သန်း နှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၁၂၁၈၅) သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၄၉၁) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင် MIU အသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်

အားကစား

20/06/19

ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့မွန်းလွဲပိုင်းက ဆက်လက်ပြုလုပ်ရာ မြန်မာကလပ် MIU အသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

မံစီ၊ သီပေါ၊ မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့် တူမီးသေနတ်များ ဖမ်းဆီးရမိ 

မှုခင်း

20/06/19

မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက် ညနေ ၆ နာရီ မိနစ် ၂၀ တွင် မံစီမြို့နယ်၊ မံရံကျေးရွာအနီး၊ မံသာကျေးရွာ-မံရံကျေးရွာသွားလမ်းတွင် နိုင်ဦး  မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀ဝ  သိမ်းဆည်းရမိခဲ့သည်။

အဖတ်များဆုံး သတင်း