Latest News

နောက်ဆုံးရသတင်းများ

ရခိုင်ပြည်နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် ပြည်ထောင်စုအစိုးရက သိန်းပေါင်းတစ်သောင်းကျော်ထောက်ပံ့ခဲ့ပြီး ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်သွားမည်

ပြည်တွင်း

20/06/19

ရခိုင်ပြည်နယ် တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအတွက် ပြည်ထောင်စုအစိုးရက ငွေကျပ် သိန်းပေါင်းတစ်သောင်းကျော်ထောက်ပံ့ခဲ့ပြီး ဆက်လက်ထောက်ပံ့နိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် ဂါနာနိုင်ငံသံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

ပြည်တွင်း

20/06/19

နေပြည်တော် ၂၀  ဇွန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် ဂါနာနိုင်ငံသံအမတ်ကြီး မစ္စ အာကူရာ ဆီကီဝါ အာဟန်ကော်ရာ တို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ၂၀၁၉ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပြည်တွင်း

20/06/19

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၂၀၁၉ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့်  မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်တွင်း

20/06/19

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး Mrs. Dorothee Janetzke-Wenzel အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေ အားကောင်းနေ

မိုးလေဝသ

20/06/19

၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့ ည(၇:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေ အားကောင်းနေပါသည်။