Latest News
နောက်ဆုံးရသတင်းများ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲကျင်းပ
12/06/19
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဇနီး တို့ တက်ရောက်ကြသည်။
အောင်မြေသာစံမြို့နယ်တွင် ဝါယာရှော့ဖြစ်၍ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်
12/06/19
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်တွင် ယနေ့ညနေ ၄ နာရီခွဲခန့်က ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ကျင်းပ
12/06/19
“ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ” ခေါင်းစဉ်ဖြင့် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။
အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး(၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
12/06/19
အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးအတွက် ဆဋ္ဌမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Ms. Andrea Faulkner အား လက်ခံတွေ့ဆုံ
12/06/19
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Ms. Andrea Faulkner အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အာရှပြိုင်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၃၀ ဖြင့် ဖွဲ့စည်း
12/06/19
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အောက်တိုဘာနောက်ဆုံးပတ်တွင် ယှဉ်ပြိုင်ရမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန် ပဏာမကစားသမား ၃၀ ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
ပုသိမ်ကြီးမြို့နယ်နှင့် လားရှိုးမြို့နယ်၊ ပင်လောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
12/06/19
မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၁ ရက် နံနက် ၃ နာရီက ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်းတွင် မျိုးသိန်း(ခ) ကိုမင်း မောင်းနှင်ပြီး ကိုကိုလေး လိုက်ပါလာသည့် Canter အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဆာလာဖျူရစ် အက်ဆစ် ၁,ဝ၀ဝ လီတာ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။